KNU နယ်မြေနှစ်ခု စစ်ကောင်စီ တစ်လအတွင်း အကြိမ် ၆၀ ခန့် လေကြောင်းတိုက်ခိုက် ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီခရိုင်တွေက ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေမှာ ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ အကြိမ် ၆၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် နှစ်နှစ်အရွယ်ကလေး အပါအဝင် ခရစ်ယာန်ဓမ္မဆရာတွေ သေဆုံးခဲ့ရသလို စာသင်ကျောင်း၊ ဆေးရုံ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ပျက်စီး ခဲ့ရတယ်လို့ KNU က ပြောပါတယ်။ ဒီအကြောင်း မခက်မာက တင်ပြထားပါတယ်။
Tags:
#Radio Free Asia
#Burma
#Myanmar
#Burmese
#RFA
#news